Get a better quality audio in Ubuntu

ပထမဦးဆုံး Pulseaudio ကို install လုပ်ရပါမယ်။

$ sudo apt install pulseaudio

ပြီးသွားရင် configuration လုပ်ဖို့အတွက် config file ကို backup အရင်လုပ်ပါ။

$ sudo cp /etc/pulse/daemon.conf /etc/pulse/daemon.conf.orig

Backup လုပ်ပြီးရင် နှစ်သက်ရာ text editor သုံးပြီး ပြင်လို့ရပါတယ်။

$ sudo (vim|gedit|nano) /etc/pulse/daemon.conf 

အထဲမှာ ဒီစာကြောင်းတွေကို ပြင်ရပါမယ်။

; resample-method = speex-float-1
; default-sample-format = s16le

အဲ့ ၂ ကြောင်းကို

resample-method = src-sinc-best-quality
default-sample-format = s32le

အခုလို ပြင်ပါမယ်။ (ရှေ့က “;” ကိုဖြုတ်ပါတယ်)

ပြင်ပြီးသွားရင် save လုပ်ပြီး ပြန်ထွက်ပါ။

Pulseaudio ကို restart ချပေးရပါမယ်။ (Superuser ဖြစ်စရာမလိုပါဘူး)

$ pulseaudio --kill
$ pulseaudio --check
$ pulseaudio --start

Error စာကြောင်းတစ်ခုခုပေါ်မလာရင်တော့ ရပါပြီ။
Error ဖြစ်ခဲ့ရင်တော့ ခုဏ backup လုပ်ခဲ့တဲ့ config ကို rollback ပြန်သွားပါ။

Leave a Reply

Your email address will not be published. Required fields are marked *